ကျောင်းသမိုင်း

လှည်းကူးပညာရေးကောလိပ်တွင်  (၄)နှစ်သင် ပညာရေးကောလိပ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း၊ လုပ်ငန်းခွင်အကြိုဆရာအတတ် ပညာဒီပလိုမာသင်တန်းနှင့် အလယ်တန်းဆရာအတတ် စာပေးစာယူသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

(၄)နှစ်သင်ပညာရေးကောလိပ်သင်တန်း ပြီးမြောက်ပါက B.A(Education)နှင် B.Sc(Education) ဘွဲ့ကို ချီးမြှင့်မည် ဖြစ်ပါသည်။လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာ သင်တန်း ပြီးမြောက်ပါက မူလတန်းပြဆရာများအဖြစ် ခန့်အပ်ပါသည်။                 လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာသင် တန်း ပြီးမြောက်ပြီး ထူးချွန်သူများသည် ပညာရေးတက္ကသိုလ် (B.Ed)တတိယနှစ်သင်တန်းကို ဆက်လက်တက်ရောက်ခွင့် ရရှိ ကြပါသည်။